Saturday, November 8, 2014

လူကြီးဖတ်စာ



အသက်ကြီးလို့
လူကြီးခေါ်လေ…..မဖြစ်စေပါ။
ဘ၀အတွက်
လောကအတွက်၊ အသက်သိက္ခာ
တာဝန်ကြီးမား၊ ထမ်းဆောင်ငြားက
လေးစားထိုက်စွာ၊ နေရာအမှန်
စေတနာအမှန်၊ တာဝန်ကျေသူ
အကြင်သူသည်…..
လူကြီးလူကောင်းဖြစ်ပါ၏။
လူကြီးမှန်လျှင်…..
အမှန်တရားလေးစားရမယ်
မမှန်တရားဖယ်ရှားရမယ်
ငယ်သားလက်အောက်၊ ငဲ့ညှာထောက်
စောင့်ရှောက်ရမယ်…..
လူကြီးမှန်လျှင်…..
ကိုယ်နှင့်ယှဉ်စာနာပွား
မေတ္တာထားနိုင်ရမယ်။
စိတ်ဓာတ်နိမ့်ပါး၊ သူတစ်ပါးကို
နှစ်ပြားမတန်၊ နှိမ့်ချပြန်လျှင်
သင်လည်းဧကန်၊ ထိုမျှတန်သည်
ယုံကြည်ပါ…..။
သူ့ဂုဏ်နှိမ့်ချ ကိုယ်နိမ့်ကျမည်မဟုတ်လော။       

ခြိမ့်ခိုင်

No comments:

Post a Comment