နှောင်းအတိတ်ကံ
အကြောင်းဖန်လို့
တစ်ဖန်တစ်ကွေ့
ဆုံတွေရစဉ်
ရွှေရင်လှုပ်ခတ်
ရှေးရေစက်မို့
မေ့ဖို့ခက်ရှာ
ရွှေဖူးစာ။
ချစ်သူဘဝ
သာယာလှတဲ့
ကာလ၀န်းကျင်
လျှောက်လှမ်းစဉ်မှာ
ချစ်ပင်ကိုပျိုး
ချစ်မိုးသွန်းဖျန်း
ချစ်ပန်းပွင့်ဖူး
ချစ်ဦးမေကို
ခူးဆွတ်ဖို့ရန်
အကြောင်းဖန်။
ရွှေဂဟေဆက်
အကြောင်းဖက်ကာ
ရတနာအလား
သားသမီးတို့
မွေးဖွားကြီးပြင်း
ကာလတွင်းဝယ်
ချစ်ခြင်းအနှစ်
မေတ္တာစစ်နဲ့
မြေးမြစ်ဆုံးတိုင်
မူပိုင်တည်ဆောက်
တူနှစ်ကိုယ်တိုင်းပြည်။ ။
အေးသဏ်းမင်း
No comments:
Post a Comment