Friday, November 7, 2014

အော်ပရာ

ရှင်လျှက်နဲ့ သေနေကြတဲ့
ရင်ခုန်သံမဲ့လူတွေကြားမှာ
လက်ဖက်တစ်ပန်းကန်
အကြမ်းတစ်ခွက်နဲ့
အချိန်တွေကို မီးရှို့
အင်အားတွေကိုဖျက်ဆီး
စိတ်ကူးတွေကို ကန့်သတ်
ပင်လယ်ပြင်မှာရွက်မရှိဘဲ
လွင့်နေတဲ့ လှေငယ်လို
ပိုနေတဲ့အချိန်တွေမှာ
စိတ်ဝိဥာဉ်ကို ရွက်ဖွင့်ရင်း
ရောက်ခွင့်မရတဲ့နေရာ
သွားခွင့်မရတဲ့ခရီး
တွေ့ခွင့်မရတဲ့လူတွေဆီ
အတွေးတွေနဲ့ပဲတည်ဆောက်
တစ်နေ့ကျရင်ရောက်ရမယ်လို့
အားတင်းထားခဲ့တာ
လက်အံတွေတောင်
သေလုပေါ့……။


မင်းအုပ်စိုး

No comments:

Post a Comment