Thursday, November 6, 2014

စားသတိ

အစား….စားမယ်
မစားခင် စဉ်းစား
လက်ဆေးပြီးပြီလား။
ကိုယ်စားမယ့်အစာ
အပူစာလား
အအေးစာလား
စားမယ့်အစာ…ဘယ်လိုရှာ
သန့်ပါရဲ့လား၊ မတရားခြင်း
ကင်းပါရဲ့လား…..
သူတစ်ပါးရဲ့သောက
သူတစ်ပါးရဲ့ဘဝ
ထိရှမှုကင်း၊ ရောဂါကင်းရဲ့လား။
ကိုယ့်ရဲ့အတ္တ
လွန်မောဟနဲ့
ဒေါသမွမ်းမံ၊ အကြံအဖန်နဲ့
စားရန်မသင့်တဲ့ ‘အစာ’
မဖြစ်ပါဖို့
တို့စိတ်ကို စစ်ဆေး၊
သန့်ရှင်းရေးလုပ်ကြရပါမယ်။

ခြိမ့်ခိုင်

No comments:

Post a Comment