Friday, November 14, 2014

မြတ်ဆယ်ချက်စကား ချင့်ချိန်ပြောကြား

ပြောချိန်ပြောခွင့်၊ ပြောသင့်မှပြော…..
ဟုတ်မှန်သောစကား၊ အားထား၍ပြော…..
တရားစပ်သော၊ မြတ်မနောဖြင့်ပြော…..
အကျိုးစီးပွား၊ စပ်သောစကားပြော…..
ရှေ့ထားပြုံးရွှင်၊ မျက်နှာသွင်ဖြင့်ပြော…..
မရှည်မတို၊ မပိုမလွန်၊ လိုမှချင့်ချိန်ပြော…..
အဆောတလျင်၊ မဆင်ခြင်ဘဲ၊ တွင်တွင်မပြောနှင့်…..
ယဉ်ကျေးသူသုံး၊ ဓလေ့ထုံးနှင့်၊ စံနှုန်းပြု၍ပြော…..
သန့်ရှင်းစေတနာ၊ ပြတ်သားစွာဖြင့်၊ မှန်တာသာပြော…..
မပြောတတ်က၊ ကတ်သီးကတ်သတ်
မြတ်ဆယ်ချက်နှော၊ ချင့်ချိန်ပြောမှ
ကျော်စောလူမှန်၊ ဖြစ်နိုင်စေသတည်း။

ဝင်းမြင့်အောင်

No comments:

Post a Comment