Sunday, November 2, 2014

ပွင့်လာခြင်း၏နောက်ကွယ်

အလုံပိတ်ထားရာက
ဗြုန်းဆို
အကုန်တော့ပွင့်လာပါရဲ့။
ပွင့်လာလို့
ရှင်းလင်းစွာ
မြင်လိုက်ရတာက
ပြဿနာအဖုံဖုံ
အမှိုက်ပုံနဲ့
ပဋိပက္ခ ချိတ်တွဲ
လူသတ်ပွဲတွေသာ။      

မင်းငြိမ်းခ

No comments:

Post a Comment