Thursday, November 27, 2014

အလွမ်းသစ်ပင်

ထင်ခဲ့မိတယ်လေ
အပြစ်လုပ်တာလည်း မင်း
ထွက်သွားတာလည်း မင်း
ထားခဲ့ရက်တာလည်း မင်းပဲဆိုတော့
ချစ်တတ်တဲ့ နှလုံးသား
အညွန့်တုံးလို့
အမြစ်ပါခြောက်လောက်တယ်ပေါ့
ဒါပေမယ့်လည်းကွယ်
စားစားသွားသွား
မင်းကိုပဲ တမ်းတမိနေလေတော့
လွမ်းလို့သေတဲ့လူဆိုတာ
ဒီကမ္ဘာမှာ
ကိုယ်အရင်ဆုံး
ဖြစ်မယ်ထင်ပါရဲ့...…။


မင်းအုပ်စိုး

No comments:

Post a Comment