Sunday, November 2, 2014

မမျောစေနဲ့ညီမလေး

ရင်ဖော်လို့တင်လှပ်
ခေတ်ကိုယှဉ်ရပ်သတဲ့လား
မိန်းမမြတ်မဖြစ်ရင်နေ
‘ထိန်း’တတ်ပါစေ…..
နာမည်တစ်လုံးတွက်
ချနင်းလိုက်တဲ့ ‘အရှက်’
သိက္ခာပျက်မရိုသေ
မိဘအတွက်ငဲ့ပါလေ…..
မေပျိုတို့ရဲ့အနာဂတ်
ကူးစက်မကွဲ အညှီဓာတ်
ပုရိသတို့ရဲ့ ပစ်မှတ်တံတွေး
မမျောစေနဲ့ ညီမလေး…..

ခင်လေးစံပယ်

No comments:

Post a Comment