အကြိမ်ကြိမ်
လွှဲခဲ့ဖူးတဲ့လက်
အထပ်ထပ်သွေးခဲ့ဖူးတဲ့အသွား
ခပ်သွက်သွက် နှင်ခဲ့ဖူးတဲ့ခြေထောက်
မြင်းရိုင်းတစ်ကောင်လို စိုင်းခိုင်းနေကြစိတ်
ဒီတစ်ကြိမ်မှာတော့အရာရာအားလုံး
တုံ့ခနဲပါပဲ
ဖေဖေရေ
ဓားကြီးနဲ့ဘာလုပ်မလို့လဲဟင်တဲ့
အော်
ကြောက်ရုပ်ဆိုတာ ငါကိုယ်တိုင်ပါပဲလား....။
မင်းအုပ်စိုး
No comments:
Post a Comment