Saturday, November 22, 2014

အားလုံးအတွက်ငြိမ်းချမ်းရေး

ဘူမိနက်သန်
နေရာမှန်လည်း…..။
ဥတုရာသီ
သုံးမျိုးညီလည်း…..။
သယံဇာတ
ပေါကြွယ်ဝလည်း…..။
ယဉ်ကျေးစဉ်လာ
ခိုင်ခံ့ပါလည်း…..။
ကိုးကွယ်ယုံကြည်
သာသနာလည်း…..။
တို့မြန်မာပြည် ဆင်းရဲပါလှ
ချမ်းသာရလို ဆန္ဒဆိုသော်
ထိထိပြဿနာ မြောက်မြားစွာသည်
ပြည်ရွာညှိုးနွမ်း မငြိမ်းချမ်းမှု
အျေချပဳ၏…..။
ငြိမ်းချမ်းရသော် တို့မြန်မာတွေ
လိုရာဆန္ဒ ဖြည့်စွမ်းပြခွင့်
အခါသင့်မည် မလင့်လျှောက်လှမ်း
ငြိမ်းချမ်းလမ်းတည်း…..။
ငြိမ်းချမ်းမှုကို ကိုယ်တိုင်နိုးကြား
ရိုးသားတည်ကြည် စိတ်ရှည်သည်းခံ
ပြန်လှန်လေးစား တရားမျှတ
မြွက်ဟပွင့်လင်း ချစ်ခြင်းမေတ္တာ
သစ္စာသတိ အသိနှင့်စွဲ
လက်တွဲလျှေက်လှမ်း လုံ့လစွမ်းဖြင့်
ကြိုးပမ်းဆောက်တည် ငါတို့ပြည်…..။
ငြိမ်းချမ်းရမည် မြန်မာပြည်…..။

ပွင့်သစ်

No comments:

Post a Comment