Sunday, November 23, 2014

အချစ်သံသရာ

မြတ်နိုးအချစ်…..အရင်းစစ်ရာ
ကမ္ဘာအစ…..ရှာမရသည့်
ဘ၀များစွာ…..သံသရာက
မကွာကြည်နူး…..နေခဲ့ဖူး၍…..။
အတိတ်ကျော်လွန်…..ပစ္စုပ္ပန်ယခု
ပြန်လှန်ပြုဖူး…..ကျေးဇူးတရား
ကံပွားနွှယ်ယှက်…..တွယ်ဆက်ချည်ရစ်
အချစ်သစ်ပင်…..စိန်းလန်းရှင်…..။
ချစ်ခြင်းမေတ္တာ…..ရေနှင့်ကြာသို့
ခက်ဖြာပွင့်ဝေ…..ကံစွမ်းရည်ထူး
မြဲမြံပူးဝင်…..တူယှဉ်မကွဲ
အသည်းထဲဖောက်…..ကိန်းတည်ရောက်ခဲ့…..။
ခွဲခွာပြန်လည်း…..အသည်းကွဲအက်
ချစ်မျက်ရည်တွေ…..ပင်လယ်ဝေ၍
သက်ကြွေမခန်း…..သည်းရင်နွမ်းထိတ်
ချစ်ပန်းရိပ်မြုံ…..ချစ်လွှမ်းခြုံမြဲ
ရင်ခုန်ငြိလေ…..ဒုက္ခပွေလည်း
ချစ်သံဝေဂ…..မရနိုင်တကား…..။

မြင့်မြတ်အောင်မြင်

No comments:

Post a Comment