Friday, November 7, 2014

ထားခဲ့ရက်လိုက်တာ

ကြုံခဲ့ဘူးတာပေါ့
အတူတူကြည့်ရင်း
ရင်ခုန်ခဲ့ဘူးတယ်လေ
ကြယ်တွေစုံတဲ့ ညတစ်ည
လမင်းကိုတောင်
အပြစ်တင်ခဲ့မိသေးတယ်
ကြယ်ကလေးတွေအရောင်မှိန်သွားလို့
ဘယ်သူကပြောခဲ့တာလဲ
ဆုတောင်းရင်ပြည့်တယ်ဆိုလို့
ကြွေသွားတဲ့ ကြယ်ကလေးကိုကြည့်ရင်း
ဒီဘဝမှာတစ်သက်မခွဲ
လက်တွဲပါရစေလို့
အော် အခုကျတော့လည်း
ကြယ်တွေစုံတဲ့ညကိုကြည့်ရမဲ့အစား
ခွဲထွက်သွားရက်တဲ့
မင်းဓာတ်ပုံလေးကိုကြည့်ရင်း
ကိုယ့်မျက်ဝန်းက
ကြယ်ကလေးတွေကြွေနေခဲ့တာ
ညစဉ်ညတိုင်းပေါ့ကွယ်…။ ။


မင်းအုပ်စိုး

No comments:

Post a Comment