Saturday, November 1, 2014

တိုင်းပြည်ရောင်းစားသူများ

တော တောင်ကတုံး ကျွန်းသစ်ပြုန်း
ပတ္တမြား ကျောက်သံ ကုန်ပျောက်ဆုံး။
လယ်မြေ ယာမြေ သိမ်းပိုက်ကျုံး
ဘယ်သူသေသေ ငတေ “ထုံး”။
နိုင်ငံ့သွေးကြောအသက်တနှုန်း
“မြစ်ဧရာ” တောင်ဈေးဆစ်တုန်း။
ဘိုးမွေ ဘွားမွေ ရောင်းစားသုံး
ပြည်သူရင်နာ အော့နှလုံး။
“နိုင်ငံတော်သီချင်း”စုစုရုံး
“ကမ္ဘာမကြေ”ဆိုပါဦး။

အောင်မြင့်မိုး

No comments:

Post a Comment