Friday, October 31, 2014

သဝေထိုးင၀ဆွဲ မြွေ (ငွေ)



သူ့ကြောင့်ပဲ အကျင့်တွေပျက်ရ
သူ့ကြောင့်ပဲ ဒုက္ခတွေရောက်ရ
သူ့ကြောင့်ပဲ ဂုဏ်ဆိုတဲ့ဆောင်ပုဒ်ကို
ပခုံးမှာထမ်းရ
သူ့ကြောင့်ပဲ အခြေအမြစ်မရှိတဲ့ မာန်ဆိုတာတွေ လည်မှာဆွဲထားရ
လောက အလှဆင်သူတွေကို
သတ်လိုက်ကြတာ
မကုန်စင်တဲ့ လောဘတွေနဲ့ပေါ့။

မီးလောင်ရာလေပင့်သလို လောင်ကျွမ်းမယ့်
ထင်းဆိုက်ခံရမယ့် အတ္တတွေကြောင့်
မိသားစုတွေ ပြာလိုလွင့်ခဲ့ရ
အဖွဲ့အစည်းတွေ လိပ်ပြာလွင့်ခဲ့ရ
မျှော်လင့်ခြင်းဆိုတာတွေကို ချွေးသိပ်လိုက်နဲ့
ဘ၀အထွေထွေ ရေတိမ်မှာနစ်နေဦးမှာပဲ။
ကိုင်ကျင့်တရား ၀ါးမျိုးခံလိုက်ရခြင်းကို
အစာမချေနိုင်တဲ့ အသိတ်စိတ်က
အော်ဂလီဆန်နေတာ
သူ့ဘ၀မျက်နှာစာကို
ကျက်သရေမဲ့ တိရစ္ဆာန်တွေနဲ့
ပုံဖော်ပေးလိုက်မှုက
အရူးဘုံမြှောက်ပေးလိုက်သလိုလို
ဘီလူးဆိုင်းနဲ့ ဧည့်ခံပေးလိုက်မှုပါပဲ။
သတ်ပုံကျမ်းမှာတောင်
စာလုံးပေါင်းမှားနေတဲ့
အခုခေတ်မှာ
သဝေထိုး င၀ဆွဲ ဆိုတာ
မြွေလို့များ အဓိပ္ပာယ်ရောက်နေမလား။

ကိုဟိန်း



No comments:

Post a Comment