Saturday, October 25, 2014

မြေစာပင်

နေရောင်မှာပွင့်နေတဲ့
ပန်းပွင့်တွေကိုမြင်တိုင်း
အမှောင်ထဲကျနေတဲ့
ပန်းပွင့်တွေရဲ့မျက်ရည်ဟာ
နံရံကို လာလာစင်တယ်။
အကြောင်းတူပေမယ့်
အကျိုးမတူတဲ့ ၀င်သက်ထွက်သက်များ
အမြင့်အရပ်ကနေ
အောက်ဘက်အဖြစ်အပျက်တွေကို
မမြင်ခြင်းများ။
ငါတို့ဟာ
တိရိစ္ဆာန်တွေကို ရာထူးကြီးကြီးပေးထားရသူတွေ။
ငါတို့ဟာ
ကိုယ့်သေမင်းကို
ကိုယ်တိုင်မဲပေးထားရသူတွေ။
အလိုမတူလည်း
လက်မှတ်တော့ထိုးရမယ်
ငါတို့ရဲ့ အဖိနှိပ်ခံဒုက္ခတရား
မျိုးနဲ့ရိုးနဲ့
သမိုင်းအဆက်ဆက်နဲ့။
ကဲ
ပြောချင်တာက
ကျွန်တော်သေရင်
အလောင်းကို မြစ်ထဲမျောလိုက်။
အသုံးမပြုလိုက်တဲ့
မြေကွပ်လပ်လေးဟာ
မြေမရှိသူတွေအတွက်တော့
အသုံးဝင်ကောင်းဝင်လိမ့်မယ်။

လင်းဝေ (ကောလင်း)

No comments:

Post a Comment