Friday, October 24, 2014

တောမှား

ရေကြည်ရာမြက်နုရာတဲ့
ရှာလိုက်ရတာ
တောအနှံ့လုံးအုံးအုံးထလို့ပေါ့
အမောပြေသောက်စရာ
ရေကြည်ချမ်းမြတစ်ပေါက်
စမ်းပေါက်ကကျလာတာ
မတွေ့ရသေးသလို
ရင်ထဲကအပူမီးငြိမ်းဖို့
သစ်တစ်ဖုတောင်မမြင်ရဘူး
မုဆိုးလို့ ကိုယ့်ကိုကိုယ်
ထင်ထားတော့လည်း
တောမှောက်တာ တောခြောက်တာလောက်တော့
တွေးမကြောက်ပါဘူး
တစ်ခုပဲ
မြင်နေရတာ
တောနဲ့တောင်စွယ်မဟုတ်ဘဲ
တိုက်အမြင့်တွေ ကားအကောင်းစားတွေ
ဖြစ်နေတာတစ်ခုပါပဲ။


မင်းအုပ်စိုး

No comments:

Post a Comment