Thursday, October 2, 2014

ဧည့်သည်

ကိုယ့်မှာပါတဲ့
ကုသိုလ်လေးနဲ့
လူအဖြစ်ကို
ခဏအစွပ်ခံလိုက်ရတဲ့သဘောပဲ။
မမြဲတဲ့အခွံထဲ
နေရတာ ဘ၀ခဏတာ…..။
တရားတွေများတာတောင်
အမှားတွေမှာ
ငါတို့ချိုမြိန်နေကြတယ်။
အဲဒီသံယောဇဉ်တံဆိပ်နဲ့
လူ့ဘ၀အက င်္ီက
ဝတ်ပြီးရင်ပြန်ချွတ်ရတာခက်တယ်။
ဝါးပင်လေးအောက်မှာ
စိတ်ကိုတင်ပျဉ်ခွေထိုင်လို့
ပျောက်နေတဲ့ကိုယ့်ကိုကိုယ်ရှာမိတယ်။

နေဝေး

No comments:

Post a Comment