ဆရာအိုတစ်ယောက်ကို
မမေ့တတ်တဲ့
တပည့်တစ်ဦး
တွေ့ခဲ့ဖူးပါတယ်။
ဆရာတို့ သင်ပေးခဲ့တဲ့ပညာနဲ့
ဘွဲ့ဆိုတာလေးရခဲ့
အလုပ်မရှိပေမယ့်
ခလုတ်မထိအောင်
နေတတ်တာ
ဆရာတို့ကျေးဇူးကြောင့်ဆိုလား….။
ကျောင်းမှာဆုံခဲ့တဲ့
ပေါင်းသဟာအစုံနဲ့
တစ်ခါတစ်ရံ
တွေ့ပေမယ့်
ဆရာဆိုတာကို
မေ့တတ်သူတွေ
တစ်ပံတစ်ပင်ကြီးပါပဲတဲ့လေ…။
ဆရာဆိုတာကတော့
ဘယ်တပည့်ကိုတော့မှ
မဖိတ်ခေါ်
ဘယ်တပည့်ကိုမှလည်း
မနှင်ထုတ်
လာနိုင်တဲ့တပည့်ကို
ဝမ်းမြောက်စွာကြိုဆို
မလာနိုင်တဲ့တပည့်ကို
နားလည်
ခွင့်လွှတ်ဖို့အဆင်သင့်။
ဆရာဆိုတာ
အထဲက အသွေးခံကျောက်ပျဉ်ဆိုတော့
ကိုယ်လှဖို့ဆိုတဲ့အတွေး
ရင်ထဲမှာ
ဘယ်တုန်းကမှ
မမွေးတတ်သူတွေဆိုတာ…။
အောင်သိဒ္ဓိ
No comments:
Post a Comment