Sunday, October 26, 2014

အဇ္ဈတတိုက်ပွဲ

ဆန္ဒကို သိက္ခာနှင့်ထိန်းပါ ဆိုတဲ့
စာတန်းရှေ့
သံတိုင်တွေကို မြဲမြဲဆုပ်ကိုင်ထားရင်း
စိတ်က သမ္ဗုဒ္ဓေဂါထာကို အခါခါရွတ်တယ်။
မလွဲမရှောင်သာ လူသားဆန်မှုရဲ့ကြား
ပြင်းပြင်းလာတဲ့ ၀င်သက်ထွက်သက်များဆီကို သတိလေကပ်ရင်း
သိက္ခာတရားတွေကို အလျှင်အမြန်ပို့လွှတ်လိုက်တယ်။
ကျွန်တော့်စိတ်တွေဟာ အဲဒီတစ်နေ့လုံး
ဖြူ……လို့။
သန့်လို့…..ပေါ့။

မင်းည

No comments:

Post a Comment