Friday, October 3, 2014

ပန်းဆိုးတန်း

လောကဓံပိုစတာ ချိတ်ဆွဲပြီး
ရုပ်ရှင်ပွဲချိန်တစ်လျှောက်လုံးမှာ
သမုဒ္ဓရာလက်မှတ်တစ်စောင်အတွက်
သရုပ်ဆောင်ပညာအတတ်သင်နေတဲ့
ဖက်ရှင်ကောင်မလေးတွေအလှက
နေ၀င်ချိန်မှာ တောက်ပနေပါလား။
“ဒီမှာအစ်ကိုကြီး”
မီးတစ်တို့လောက်
နှလုံးသားကို
ဓားထောက်အနုကြမ်းစီးလိုက်တာ
သူ့မိသားစုလေး ညစာအချိန်မီ။

နောင်ဝင်းထွန်း

No comments:

Post a Comment