Friday, October 17, 2014

လက်ခုပ်သံ

လက်ခုပ်သံများ
ကြားချင်ပါတယ်….။
လက်ခုပ်သံလေး
တီးပေးကြပါ၊ သူငါထံမှ
နှုတ်ကဖွင့်ဟတောင်းယူစရာမလို….။
သဘောကျရင်
ကြားရတစ်ခဲနက်လက်ခုပ်သံတွေ…။
သဘောညီရင်
ကြည်နူးကျေနပ်လက်ခုပ်သံတွေ…။
သဘောတူရင်
ဂုဏ်ယူချီးကျူးလက်ခုပ်သံတွေ…။
မုဒိတာစိတ်
ပရိတ်သတ်များ၊ နှလုံးသားမှ
အားပေးထွက်ပေါ်၊ ခံစားချက်ပဲ
လက်ခုပ်သြဘာ၊ ရင်မှလာ…။

မောင်ချို့းဖြူ (သီပေါ)

No comments:

Post a Comment