Thursday, October 9, 2014

သုည.........တန်ဖိုး

၁...က ပြောတယ်
ကိန်းဂဏန်း အားလုံးရဲ့
ထိပ်ဆုံးကနေ
မင်းမူနေရတဲ့သူ ဆိုတာ
ငါရယ်ပါကွာ...................................
၂...ကလည်း
ခွန်းတုံ့ပြန် တယ်
ငါ နေရတာ
ဒုတိယနေရာ မှန်ပေမယ့်
၁ ဆိုတဲ့ကောင်ထက်
၁ တစ်လုံး ပိုဆောင်ထားတယ်.........
၃...ကလည်း
ပြုံးပြုံးလေး နဲ့
မင်းတို့ နှစ်ကောင် ပေါင်းမှ
ငါ လို ဘဝ ရောက်မှာ
မေ့မထားပါနဲ့ကွာ............................
၎...ကလည်း
ငါ့ထက် နိမ့် တဲ့
မင်းတို့ကောင်တွေ နဲ့
မျက်နှာချင်းမဆိုင်ချင်လို့
ကျေားခိုင်းထားတာ
ငါလိုကောင်ပါ................................
ဒီလိုနဲ့ပဲ....
၅,၆,၇,၈,၉
တစ်ယောက် တစ်မျိုး
မင်းက နိမ့်တယ်
ငါက မြင့်တယ်
မင်းက နောက်က
ငါက ရှေ့က နဲ့
ကိန်းဂဏန်းကမ္ဘာ မှာ
ဆူညံစွာ ပဲ
စကားလုံးတိုက်ပွဲ
ဖြစ်ပွားကြတယ်............................
သူပြော ကိုယ်ပြော
အားလုံး မော မှ
သုညလေး က
ထ ခါ ပြောတယ်
ဂဏန်းအားလုံးရဲ့
မူလတန်ဖိုး ကို
ဆယ်ဆတိုးဖို့ဆိုတာ
သုည တစ်လုံးတော့
လိုပါတယ်ကွာ.....................................။
 
မင်းခမိုး

No comments:

Post a Comment