Sunday, October 12, 2014

နေရတဲ့ခဏ

ဟိုဘက်တိမ်းဆိုတော့လည်း
တိမ်းလိုက်ရ
ဒီဘက်ယိမ်းဆိုတော့လည်း
ယိမ်းလိုက်ရ
ဟိုဟာလုပ်ဆိုတော့လည်း
လုပ်လိုက်ရ
ဒီဟာမလုပ်နဲ့ဆိုတော့လည်း
ငြိမ်နေလိုက်ရ
အော်....
ကိုယ့်စိတ်နဲ့ကိုယ့်ကို
နေရတဲ့အချိန်လေးများ
အသက်ရှိစဉ်
မသေခင်လေးမှာ
ခဏလောက်ရရင်ကောင်းမှာပဲ
ငါ့ကံကလည်း
ဆိုးပါတယ်လေ
ဒီစနစ်နဲ့ဒီခေတ်မှာမှ
လူဖြစ်မိတာကိုး.....။ ။

မင်းအုပ်စိုး

No comments:

Post a Comment