Saturday, October 25, 2014

လုပ်သမျှတင့်တယ်ပါသလား

ကမ္ဘာကြီးဟာ၊ ရွာကြီးဖြစ်နေပြီ
ကမ္ဘာတစ်လွှား၊ ပြားကုန်ကြပြီ
စိတ်ထင်ခံစား၊ ၀ါးတားတားပင်
ကမ္ဘာတစ်ခု၊ ပမာပြု
သူသူငါငါ၊ ဖွေရှာမှု။
အရှေ့အနောက်၊ တောင်နဲ့မြောက်
ထက်အောက်ဝဲယာ၊ ဒီကမ္ဘာမှာ
နေ့စဉ်ခံစား၊ အာရုံများကာ
ဣဌာရုံက၊ ခပ်ပါးပါး
အနိဌာရုံက၊ ခပ်များများ။
သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မှု
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ
ဓမ္မတာတည့်၊ ဆိုသည့်ထုံးကို နှလုံးမူလျက်
ပျက်အစဉ်ပြင်မရ
မြင်သမျှ၊ အစဉ်မချောသည်
အထက်ကရရင်၊ မော့တော့သည်။
အများသူငါ၊ ထိုထိုအရာ
ကယ်ပါယူပါ၊ လူတစ်ကာဟစ်
ဘယ်သူဘာဖြစ်ဖြစ်၊ ငရဲမကြီး
အဆဲပြီးဆေးဆောင်ထားရုံ
တလွဲကြီးဝေးထောင်ထားပုံ
ပိုးသာကုန် မောင်ပုံစောင်းမတတ်။

ထီးလှိုင်

No comments:

Post a Comment