စည်ဘီယာလေး
တမြ မြ နဲ့
မောင်က နဲ့ မောင်အ က
ဘဝဒဿန အထွေထွေ
ဖွင့်ဆို နေလေရဲ့...............................
ဗျည်းအက္ခရာ ( ၃၃ ) လုံးရဲ့
ရှေ့ဆုံးမှာ မှ
ရပ်တည်ခွင့် ရနေတဲ့
မင်းရဲ့ဘဝ ကို
အူ တူတူ အ တတ နဲ့
ဟိုး....နောက်ဆုံး မှာ
ရပ်နေရတဲ့ ငါ က
အားကျ မိ တာ
အပြစ် တစ်ခုလို့ ဆိုမလား...................
ဘာသာစကား တစ်ခုအတွက်
မှန်မှန် ကန်ကန် နဲ့
လွယ်ကူနားလည် နိုင် အောင်
တာဝန်ထမ်းဆောင် နေ တဲ့
ဗျည်းတွေ အားလုံးဟာ
ဗျည်းတွေထဲက ဗျည်းပါပဲ
ဘယ်လိုပင် နူနူ ရွဲရွဲ
ဗျည်းကတော့ ဗျည်းပါပဲကွာ
မညည်းစမ်း နဲ့ မောင်အ ရာ..................
ပြောတတ် လိုက်တာကွာ
မင်း ပြော သလို
ဗျည်းကတော့ ဗျည်းပဲဆိုတာ
ယေဘုယျ သဘောပါ
အသုံးဝင်မှု ကွာခြားနေတာ
မင်း သိမှာပါ
ဥပမာ ပေါ့ကွာ
ကံကောင်းလိုက်တာ ဆိုတဲ့
စကားစု မှာ
က အက္ခရာ က
ထိပ်ဆုံးကပဲ ပါဝင်ခဲ့တာပါ
အိုခြင်း နာခြင်း သေခြင်း ဆိုတဲ့
အကြောင်းတရား ပြောတော့ မှ
အ နေပါတယ် ဆိုတဲ့ ငါက
ချက်ချင်း လက်ငင်း ကို
ထပြီး အို လိုက်ရသေးတယ်..................
ရှိပါသေးတယ်
တော်တော် များများ
နေရာများ မှာ
ကကြီး ဆိုတာ
ကောင်းတဲ့ဖက် က
ရပ်တည် နေတာ
မင်း ကို မင်းလည်း
သိမှာ ပါ ကွာ.....................................
ဟုတ်ပြီ မောင်အ
မင်း ပြောပြတာ
သဘောကျတယ်
ငါပြော ပြ မယ်
အဆိုး အကောင်း ဆိုတဲ့
စာ တစ်ကြောင်း ကို
မင်း စာလုံးပေါင်းကြည့်ပါ
အဆိုး မှာလည်း မင်း ပါသလို
အကောင်း မှာလည်း မင်း ပါတယ်
ဘာကို ယုံ ရပါ့မလဲ
နာမည် က သာ
အ လို့ခေါ်တာ
လှေနံနှစ်ဖက် နင်း တော့
ကျွမ်းတယ်ကွာ...(ဟားဟား)..............
မင်း ပြောနေလို့
ငါ ပြောပြတာ
စိတ်မဆိုး နဲ့သူငယ်ချင်း
အောင်မြင်ခြင်း ဆိုတဲ့
အရာရောက် ခရီးပေါက်တဲ့
စကားလုံး မှာ
မင်း အရေးပါတာ
မေ့ နေ တာလား
ဦးထိပ် မှာ ထား
ပန်ဆင်ထား တဲ့
အနန္တောအနန္တ ငါးပါး မှာကို
မင်း ရှိနေတာ
မွန်မြတ်လှတယ်ကွာ.........................
ဘယ်သူပဲ ဖြစ်ဖြစ်
လောက မှာ လေ
အကောင်းအဆိုး ဆိုတာ
သုံးချိုးတစ်ချိုး တော့
ရှိ နေတာပါ
ကြည့်တတ် ပေမယ့်
မြင်တတ်ဖို့ လည်း
လိုအပ် သေးတယ်
ကံဆိုးလို့ကျိုးကြေ
ကြေမွ နေတဲ့
ကြင်နာခြင်းတွေ အတွက်
ကျူကျူပါအောင်
ကျိတ်ငို ခဲ့ရတာ
ငါ ရယ်ပါကွာ
မင်း အပြောအရတော့
ကကြီး ဖြစ်တာ
ကောင်း သတဲ့လား
မင်း........
ပြန် စဉ်းစားကြည့်ပါလား.......................။
တမြ မြ နဲ့
မောင်က နဲ့ မောင်အ က
ဘဝဒဿန အထွေထွေ
ဖွင့်ဆို နေလေရဲ့...............................
ဗျည်းအက္ခရာ ( ၃၃ ) လုံးရဲ့
ရှေ့ဆုံးမှာ မှ
ရပ်တည်ခွင့် ရနေတဲ့
မင်းရဲ့ဘဝ ကို
အူ တူတူ အ တတ နဲ့
ဟိုး....နောက်ဆုံး မှာ
ရပ်နေရတဲ့ ငါ က
အားကျ မိ တာ
အပြစ် တစ်ခုလို့ ဆိုမလား...................
ဘာသာစကား တစ်ခုအတွက်
မှန်မှန် ကန်ကန် နဲ့
လွယ်ကူနားလည် နိုင် အောင်
တာဝန်ထမ်းဆောင် နေ တဲ့
ဗျည်းတွေ အားလုံးဟာ
ဗျည်းတွေထဲက ဗျည်းပါပဲ
ဘယ်လိုပင် နူနူ ရွဲရွဲ
ဗျည်းကတော့ ဗျည်းပါပဲကွာ
မညည်းစမ်း နဲ့ မောင်အ ရာ..................
ပြောတတ် လိုက်တာကွာ
မင်း ပြော သလို
ဗျည်းကတော့ ဗျည်းပဲဆိုတာ
ယေဘုယျ သဘောပါ
အသုံးဝင်မှု ကွာခြားနေတာ
မင်း သိမှာပါ
ဥပမာ ပေါ့ကွာ
ကံကောင်းလိုက်တာ ဆိုတဲ့
စကားစု မှာ
က အက္ခရာ က
ထိပ်ဆုံးကပဲ ပါဝင်ခဲ့တာပါ
အိုခြင်း နာခြင်း သေခြင်း ဆိုတဲ့
အကြောင်းတရား ပြောတော့ မှ
အ နေပါတယ် ဆိုတဲ့ ငါက
ချက်ချင်း လက်ငင်း ကို
ထပြီး အို လိုက်ရသေးတယ်..................
ရှိပါသေးတယ်
တော်တော် များများ
နေရာများ မှာ
ကကြီး ဆိုတာ
ကောင်းတဲ့ဖက် က
ရပ်တည် နေတာ
မင်း ကို မင်းလည်း
သိမှာ ပါ ကွာ.....................................
ဟုတ်ပြီ မောင်အ
မင်း ပြောပြတာ
သဘောကျတယ်
ငါပြော ပြ မယ်
အဆိုး အကောင်း ဆိုတဲ့
စာ တစ်ကြောင်း ကို
မင်း စာလုံးပေါင်းကြည့်ပါ
အဆိုး မှာလည်း မင်း ပါသလို
အကောင်း မှာလည်း မင်း ပါတယ်
ဘာကို ယုံ ရပါ့မလဲ
နာမည် က သာ
အ လို့ခေါ်တာ
လှေနံနှစ်ဖက် နင်း တော့
ကျွမ်းတယ်ကွာ...(ဟားဟား)..............
မင်း ပြောနေလို့
ငါ ပြောပြတာ
စိတ်မဆိုး နဲ့သူငယ်ချင်း
အောင်မြင်ခြင်း ဆိုတဲ့
အရာရောက် ခရီးပေါက်တဲ့
စကားလုံး မှာ
မင်း အရေးပါတာ
မေ့ နေ တာလား
ဦးထိပ် မှာ ထား
ပန်ဆင်ထား တဲ့
အနန္တောအနန္တ ငါးပါး မှာကို
မင်း ရှိနေတာ
မွန်မြတ်လှတယ်ကွာ.........................
ဘယ်သူပဲ ဖြစ်ဖြစ်
လောက မှာ လေ
အကောင်းအဆိုး ဆိုတာ
သုံးချိုးတစ်ချိုး တော့
ရှိ နေတာပါ
ကြည့်တတ် ပေမယ့်
မြင်တတ်ဖို့ လည်း
လိုအပ် သေးတယ်
ကံဆိုးလို့ကျိုးကြေ
ကြေမွ နေတဲ့
ကြင်နာခြင်းတွေ အတွက်
ကျူကျူပါအောင်
ကျိတ်ငို ခဲ့ရတာ
ငါ ရယ်ပါကွာ
မင်း အပြောအရတော့
ကကြီး ဖြစ်တာ
ကောင်း သတဲ့လား
မင်း........
ပြန် စဉ်းစားကြည့်ပါလား.......................။
မင်းခမိုး
No comments:
Post a Comment