ချွေးစက်နဲ့
မျက်ရည်စက်တို့ကြား
သွေးစက်တို့က
ဝင်ပူးပေါင်း
ဘီလူးခေါင်းကို
ဘယ်သူဆောင်း
သိုးရေကို
ဘယ်သူခြုံ
လုံ၊ မလုံ
မသိ၊ ယုံ၊ မယုံ မသိ။
မေတ္တာက တစ်စက်
ယမ်းငွေ့တို့က
တစ်ကမ္ဘာ
ဒီမြေဟာ စစ်တလင်းပေလား
ဒီလေဟာ အဆိပ်ခိုးတွေလား
အတိတ်ဆိုးလို့တော့
အပြစ်မတင်နဲ့နော်။
လူမှန်ရင်
အတ္တစွဲ
ငါမှ ငါပဲလို့
အမှန်ယူ
အကြံတူတိုင်း
ရန်သူလား
အမှန်စကားကို
စားပွဲပေါ်တင်
နှလုံးသားကို
အရင်စစ်
အမှန်ခြစ်တွေ
တကယ်ရှိရဲ့လားပေါ့။
မင်းလွင်
(ပမ္ပ၀တီ)
No comments:
Post a Comment