Friday, October 24, 2014

''ချိုမြိန်ဂီတ''

ကြားခဲ့ရသမျှ
သီချင်းသံတွေထဲမှာ
အချိုမြိန်ဆုံးကတော့
အမေ့ရဲ့သားချော့တေးပါပဲ။
နားဆင်ဖူးသမျှ
ဂီတသံတွေထဲမှာ
နရီစည်းချက်
အပီပြင်ဆုံးနဲ့
ရင်ကိုလှုပ်ခတ်စေခဲ့တာ
အမေ့နှလုံးခုန်သံပါပဲ။

 
မင်းအုပ်စိုး


No comments:

Post a Comment