မြင်သူသွေဖည်၊
လူမမည်လေး
လမ်းဘေးတေးဆို၊
မျက်ရည်ခိုတွဲ
လက်ကိုဖြန့်လည်း၊
ဝမ်းစာနည်းလျက်
ရှင်လည်းခက်ခက်၊
သေလည်းပျက်မို့
မက်စုံမောဖွယ်။
ထောကြွယ်ဓန
မရှိကလည်း၊
ဒါနကုသိုလ်
စာနာပိုလျက်၊
ဝမ်းစာတွက်မို့
ရွှေလက်ငွေလက်၊
ကုသိုလ်မြတ်နှင့်
စွန့်လျက်ဝေမျှ၊
ထိုဒါနသည်
ဘ၀ဆက်ဆက်စံစေတည်း။
နွေလုလင်
No comments:
Post a Comment