ဘယ်သူကများ
ဝင်လာခဲ့ပါလို့
ဖိတ်မန္တကပြုလို့လဲ
ပြန်ထွက်တော့ရော
တစ်ဦးတစ်ယောက်မှ
တားခွင့် မရပါဘူး
ဝင်ချင်ဝင်
ထွက်ချင်ထွက်
မင်းသဘောပဲ
မနုသတ္တဒုလ္လဘဆိုတာ
ကြားကောင်းအောင်ပါ
တကယ်တော့
အဝင်အထွက် အလွယ်ဆုံးဟာ
ဒီနေရာပဲ
ဘယ်နေရာလဲ
ဟုတ်လား. . . . . .။
မင်းအုပ်စိုး
No comments:
Post a Comment