Friday, October 24, 2014

သားဆိုးများရဲ့အမေ

ကမ္ဘာမြေရဲ့ကောင်းကင်မှာ
နေမင်းတစ်စင်းတည်း
ထွန်းတောက်နေရုံနဲ့
မပြည့်စုံနိုင်ပါဘူး
လမင်းရဲ့အေးမြတဲ့အလင်းရောင်တွေကို
ထိတွေ့ခွင်ရမှသာ
ကမ
ာမြေကြီး လန်းဆန်းငြိမ်းချမ်းမှာပါ။
ကျွန်တော်တို့ရဲ့ကောင်းကင်မှာလည်း
အဖေဆိုတဲ့နေမင်း ထွန်းလင်းနေရုံနဲ့
မပြည့်စုံနိုင်ပါဘူး။
အမေ့ရဲ့လမင်းအရိပ် ဝင်းပနေမှသာ
ကျွန်တော်တို့သားသမီးတွေ
အေးချမ်းပျော်ရွှင်စေမှာပါ။
အထူးသဖြင့်တော့
အမေ့အပြုံး အမေ့အရိပ်
အမေ့မေတ္တာကိုပိုပြီးလိုချင်တတ်ကြတာ
ကျွန်တော်တို့လို သားဆိုးတွေက
ပိုလိမ့်မယ်ထင်ပါတယ်။


မင်းအုပ်စိုး

No comments:

Post a Comment