Wednesday, October 29, 2014

နာမံမဲ့

ဘာတစ်ခုမှအသစ်မဖြစ်တော့တဲ့
ဘဝမှာ
မင်းကဘာကို
ပြောင်းလဲချင်နေတာလဲ
စီးဆင်းသွားပြီလေ
သူ့အရှိန်အတိုင်း
ရှိပါစေတော့
ရင်မောတယ်ဆိုရင်
တောင်ကနေမြောက်ကို
စီးပါစေ
ဒုတ်ဒုတ်ထိမစီးဆင်းလို့များ
မြစ်လို့မခေါ်ချင်ရင်
ကိုယ်
နာမည်မဲ့ပါရစေ....

မင်းအုပ်စိုး

No comments:

Post a Comment