Saturday, October 18, 2014

ဖျားနေတဲ့တောင်သမန်သီချင်း

ဟောဒီလို ဟေမန္တမှာ……
တောင်သမန်ရွာလေးက လေဘေးအနွေးထည်ဝတ်ရင်း
ကိုသန်းလှိုင်ရဲ့
တစ်ဆောင်းသစ်ပြန်ပြီ သီချင်းဆိုလို့ပေါ့….။
ထန်းမြစ်
ရွာရဲ့လက်ဖြစ်စားကုန်
မီးလှုံရင်းစားကြတူတူ
နှင်းထူထူ လကွေးက ဆောင်းကူးရက်မှာ
ပြောင်းဖူးဖက်ဆေးလိပ်ကို ထိုင်ဖွာရင်း
တောင်သမန်အင်းထဲမှာ လှေလှော်လို့။
တောင်မင်းကြီးဘုရားဖူးပြီး
၇-၈ ဖာလုံခရီးအရောက် အမောမဖောက်
ဦးပိန်တံတားက တောင်ဝှေးထောက်ကာ
မနက်တိုင်းလမ်းလျှောက်နေရဲ့။
ခုနှစ်ရက်အကြောင်းရင်းခံကြောင့်……
အသက်ရှူသံတွေ ယောက်ယက်ခတ်ရင်း
ဘီးတပ်ခြေထောက်တွေသုတ်သုတ်နဲ့
သွန်ချလိုက်တဲ့ ဒုက္ခကြောင့်
ရခဲ့တဲ့အပ်နှစ်စင်းဘ၀တွေ
ညနေအိမ်အပြန်ကျ
ခဏခဏဖျားနေတယ်။

နောင်ဝင်းထွန်း

No comments:

Post a Comment