Saturday, October 4, 2014

လူ့ဘုန်းရောင်ခြည် ထိန်လင်းစေလိမ့်လေး

စေတနာ၊ ၀ါသနာ၊ နမူနာတိုးလို့
အကြင်နာမိုးတို့ မြတ်နိုးဆွေ
မင်္ဂလာပျိုးလို့ ညွန့်မျိုးဝေရန်
လွန့်တိုးရွာစေ ပညာမိုး။
အမိနိုင်ငံအတွက်
အသိပိုင်ရန်အချက်
မရှိမခံနိုင်တဲ့ အနာဂတ်ဆီမှာ
ဆရာအတတ်သည်သာ အာမခံသည့်တန်ခိုး။
တစ် ကိုး ခြောက် လေးမှ
အနှစ်မျိုးမောက်တွေးဆ
အသစ်တိုးလျှောက်ပေးကြ အလှဗဟိုနော်
ပညာ့တက္ကသိုလ် ခိုင်မာပျိုး
မင်္ဂလာ့ကျက်သရေ ပိုင်စွာတိုးလို့
မဟာအကျိုးအတွက် နောင်ရည်ရွယ်။
လှမ်းကာ၊ ကမ်းကာ စွမ်းမဟာ အဓိပတိ
နန်းမဟာ အထိရှိ ကြိုးစားခဲ့သည်ကွယ်။
မင်္ဂလာတေးနွဲ့ သာယာရေးဖွဲ့
ပညာရေးနဲ့ ဒီမိုကရေစီမှာ
ကြည်ညိုရွှေပြည် ရည်ရွယ်ထားသည်မို့
ပညာအားဖြင့် ကြိုးစားအသိကယှဉ်
နိုးကြားအဓိကပင်။
ပညာအသိတွေဖြင့်
အကြင်နာအတိရွှေကြောင့်
အစဉ်အလာရှိသည့် မြတ်ဆရာတွေနော်
အနာဂတ်မြန်မာသာလွန်းသာဘိလေး
အနာဂတ်နိုင်ငံအတွက်
မဟာမြတ်စေတနာဖြင့်
ဆရာအတတ်ပညာ၏ ဇေယျတုမင်္ဂလာ
ရွှေရတုတိုင်ခဲ့ပါလေ၏လေး။
ပညာရေးတက္ကသိုလ်ကွယ့်
လင်္ကာတေးဆက်ဆိုလျက်
မင်္ဂလာအေးအတွက် စုရုံးဆောင်သည်
လူ့ဘုန်းရောင်ခြည် ထိန်လင်းစေလိမ့်လေး။

ဆရာဦးညွန့်ဝေ (ထူးချစ်)

No comments:

Post a Comment