ဘုရားတည်ကျောင်းဆောက်
ဇရပ်ဆောက်နှင့်
အိမ်ကျောင်းထွေထွေ
ဆောက်လုပ်စေရာ အခြေအားဖြစ်
အကူအဖွဲ့ ငြမ်းနှင့်တက်သည်။ ။
ဆောက်လုပ်ပြီးသော်
ထီးတော်တင်နှင့်
အလှအပဆေးစက်ချဖို့
သိမ်ကျောင်းဇရပ်အစစကို
ငြမ်းဖွဲ့ကာရံစီမံပြန်သည်။ ။
ဤသို့အားဖြင့်
ငြမ်းရဲ့အကူမယူမဖြစ်
ယူလစ်ကြလျက်
ငြမ်းကိုခွာကာ
တင့်တယ်လှစွာ တည်စေသည်။ ။
ငြမ်းမှာမတူ
အမိုက်ဟူကာ
ဆွဲခွာဖျက်ဆီး စွန့်ပစ်ပြီးလျှင်
အစအနမကျန်ရအောင်
ရှင်းလင်းစွန့်ပစ်စေပြန်သည်။ ။
တို့ဘ၀လည်း
ငြမ်းနှင့်တူတူ
မှတ်ယူပြီမို့ စွန့်ခွာပစ်ပြေး
စီမံရေးကို သူလေခြေလှမ်းစခဲ့ပြီ။ ။
သို့သော်ငြားလည်း
ငြမ်းကားမမှု စိတ်အားပြုကာ
ကူညီစိတ်ထားမြင့်မြတ်အားဖြင့်
အများကောင်းကျိုး ရွက်သယ်ပိုးလျက်
ထာဝစဉ်သာတည်နေမှာမို့
မြင့်မြတ်စိတ်များ ငြမ်းစံထားကာ
နှလုံးသားဝယ် မှတ်စွဲယူမယ်
အားလုံးပျော်ရွှင်ပါစေသား။ ။
လူတိုင်း ကျန်းမာကြပါစေသား။ ။
No comments:
Post a Comment