မြေကိုဖုတ်ထုတ်
အုတ်ပြုလုပ်ကာ
အိမ်ဆောက်စေရာ
အုတ်အိမ်မခေါ်
တိုက်အိမ်ခေါ်သည်
ချမ်းသာသူတို့
စည်းစိမ်ခန်း။
သေရည်ချက်ပြုတ်
သောက်စရာလုပ်ကာ
သောက်စားစေရာ
သေရည်မခေါ်
ဘီယာခေါ်သည်
ချမ်းသာသူတို့
စည်းစိမ်ခန်း။
အများကောင်းမှု
ဘုရားတည်ရာ
ကမ္ပည်းတင်သော်
သူကြီးနာမည်ရှေ့ကတည်သည်
သူကြီးဘုရားရွာသားကောင်းမှု။
မြန်ပြည်တလွှားဤမျှများကာ
များပြားလှစွာဖြစ်တည်နေရာ
ဒီမိုခေတ်မှာ
ပြုပြင်စရာ
ဟုတ်တိုင်းမှန်ရာတည်စေသော်
တရားစည်ကြီင်္းမည်စေသော်။ ။
တောင်လှေကားငှက်ခါး
No comments:
Post a Comment