မမှီတဲ့ပန်း
တုံးခုလှမ်းရင်
အကျနာတတ်တာ
ငါသိတယ်။ ။
မာစီးဒီးကား
အမိုက်စားလည်း
ထွန်ယက်လယ်လုပ်
ငါ့လှည်းစုတ်လောက်
အဟုတ်ငါမမက်မောပြီ။ ။
ဆင်းစမ်းတက်စမ်း
ဘ၀လမ်းမှာ
ဓမ္မတာမို့
ဆင်းဆင်းတက်တက်
စိတ်မပျက်နဲ့
သိပ်ခက်တာတွေမဟုတ်ဘူး။ ။
‘ပန်း’ကား ‘ဘ၀’
ဖြစ်ပျက်သမျှသည်
ငါ့အတွက်ခွန်အား
စိတ်မှာထားလို့
အားလုံးကောင်းအောင် ကြိုးစားမည်။ ။
ထိပ်ဆုံးရောက်အောင် တက်လှမ်းချီ။ ။
တောင်လှေကားငှက်ခါး
No comments:
Post a Comment