Saturday, November 8, 2014

တီးလိုက်ကြစို့ စိန်အိုးစည်

မိုးလေစဲ၍
ပွဲလမ်းသဘင်၊ ခင်းတော့ပြီ။
ဆိုင်းသံဗုံသံ၊ ခြိမ့်ခြိမ့်ညံ၏။
ဘာသံပါလည်း၊ ရှင်ပြုပွဲတည့်။
ဆိုင်းသံဗုံသံ၊ ခြိမ့်ခြိမ့်ညံ၏။
ဘာသံပါလဲ၊ ကထိန်ပွဲတည့်။
ငါတို့မြေ၌
နေထိုင်ကြကုန်၊ သွေးချင်းစုံသည်
ကိုယ်ယုံကြည်ရာ၊ မြတ်နိုးစွာလျှင်
ဘာသာဓလေ့၊ သည်မှာမွေ့လျော်
ပျော်ပျော်ရွှင်ရွှင်၊ ခင်မင်တတ်ပါ။
အကြင်နာနှင့်၊ သဒ္ဓါတရား
များလည်းများ၏၊ စိတ်ထားဖြူစင်ကြသည်တည်း။
သည်လိုမြေမှာ
နေထိုင်သူများ၊ နားဝယ်ခါး၏။
မကြားလိုအမှန်၊ သေနတ်သံတွေ
ဗု့းသံအမြောက်သံ၊ ပေါက်ကွဲသံတွေ။
ပြည်သူအများ၊ ကြားလိုအမှန်
အိုးသည်သံတည့်။
ပြည်သူအများ၊ ကြားလိုအမှန်
ဒိုးပတ်သံတည့်။
ဒိုးပတ်အိုးစည်
ဟိန်းဟိန်းမြည်၍၊ အနှီမိုက်မဲ
လူသတ်ပွဲတွေ…..
ရပ်စဲသွားအောင်နီးကြစို့။

ဇော်နောင်

No comments:

Post a Comment