ရာသီဥတုဆိုးရွားနေရင်
မိုးလေ၀သသတင်း နားထောင်ပါ။
ယုံကြည်မှု မျက်ဝန်းအစုံနဲ့
အရောင်မဲ့ ဘာသာစကားတွေ
နေဦး…..ဟာ….. အဟောင်းအတိုင်းပါပဲ။
အမှန်တရားကို တွေ့မြင်နိုင်ဖို့
နေ၀င်ချိန်တွေ များခဲ့သလောက်
ခရီးပေါက်နေပြီလား…..။
အချိန်တိုင်းမှာ ပွဲစဉ်တွေရှိတယ်
အချိန်တိုင်းမှာ ဘ၀တွေရှိတယ်။
မနက်ဖြန်ဆီအရောက်သွားဖို့
ဝန်ထုပ်တွေ ကိုယ်စီထမ်းလို့
အိပ်မက်တွေ ခါးသီးခဲ့တာကြာပြီ။
ဦးညွတ်မှုက…..
ဘယ်ကိုသွားနေတာလဲ…..
တွက်တိုင်းမှားနေတဲ့ပုစ္ဆာတစ်ပုဒ်လို
ပြောစရာစကားတွေ ဆင်းရဲနေလို့လား
စကားလုံးတွေရဲ့ ရေသောက်မြစ်
ဘယ်ကစတယ်ဆိုတာ
အသားယူပြီး အရိုးပေးတဲ့ကိစ္စကို
ညှော်နံ့တွေ ထွက်လာမှ
မသိသေးဘူးဆိုရင်
သွား…..ရေထဲခုန်ချ
ကောင်းကင်မှာ
ငှက်ဆိုးထိုးသံကြားတယ်။ ။
မောင်နွေရိုင်း
No comments:
Post a Comment