မြွေတစ်ကောင်လမ်းသလားနေသလို…..
ရှည်လျားကွေ့ကောက်နေတဲ့
လားရှိုးလမ်းမကြီးက
သုံးဘီးဆိုင်ကယ်စီးလို့နေရဲ့။
မှိုင်းညို့ရီဝေနေတဲ့
တောင်တန်းတွေမှာ…..
ပလောင်မလေးတွေ
လက်ဖက်ခူးရင်း
စိတ်ကူးလေယာဉ်လေးနဲ့
သမုဒ္ဓရာကိုဖြတ်
စက်တပ်ခြေဖ၀ါးတွေနဲ့
ပျံသန်းနေရတဲ့ ပြဿဒါးရက်
တောင်ပံမှာချွေးစက်စက်
စိမ့်ယိုစီး
တောင်ယာမီးလှုံဖို့တောင်
မလိုတော့ဘူး။
ထင်းခုတ်
ဝါးခုတ် အုတ်ဖုတ် တောင်ယာလုပ်…..
ဘ၀သရုပ်ဖော်ဝတ္ထုတစ်ပုဒ်ဇာတ်သိမ်း
ဒုဋ္ဌ၀တီမြစ်ရေစိမ်းစိမ်းနဲ့မျက်နှာသစ်
တောင်တန်းတွေကို
ချစ်တဲ့မြို့လေးရဲ့ ရိုးရာဓလေ့
စိတ်ကူးတစ်ပွေ့တစ်ပိုက်နဲ့
ကဗျာဆရာ ခံစားဖို့ထွက်
“မယ်လန့်နမ်ခိုက်”က
အထွက်မှာ
ရှမ်းအိုးစည်သံနဲ့နှုတ်ဆက်နေပြန်ပါရောလား…..။ ။
နောင်ဝင်းထွန်း
No comments:
Post a Comment