Wednesday, September 3, 2014

ငါ


မနေ့က…..ငါ
ဒီနေ့…..ငါ
မနက်ဖြန်ဖြစ်လာမယ့်…..ငါ
ဘယ်ဟာငါအစစ်လဲ။
တစ်ခါတစ်လေ
ငါဆိုတာပျောက်ဆုံး။
တစ်ခါတစ်လေ
ငါ့ကိုငါရှာဖွေကြည့်ရင်း
ငါတွေအများကြီးတွေ့ရ။
ဒါပေမယ့်
ငါအစစ်ကိုတွေ့တဲ့အခါ
ငါဟာ
ငါဟာ
ငါမဖြစ်ချင်တော့ဘူး။


( မင်းည )

No comments:

Post a Comment