ဓမ္မစေတီ…..ပါကွယ့်
နှလုံးသာမှာတည့်
ဘုရားတည်
ပိဋကတ်နှစ်
အဆီကိုလ
ရှစ်ပြည်သာ
ဇာတာလင်းစေဖို့
ချစ်ကြည်စွာ
ဋ္ဌာပနာသွင်းရတယ်
ဟယ်….. မင်းတရားရဲ့ဘွဲ့အမည်…..။
ဟံသာဝတီ……တဲ့
မွန်သူရဲကောင်းတို့
စံဌာနီ
ဟင်္သာမောင်
တောင်ပံယှက်ခါပ
မင်းရာထောင်
အောင်လံဆက်ပါလို့
သဂ
င်္ီင်္ီလွှာ ရွှေရောင်တက်ကြွတယ်
ဝင်းလက်လက်တိုင်းပြည်…..။
လေးဆူဓာတ်
ဒဂုံစေတီ
သိင်္ကုတ္တရ
ကုန်းမြေမဟီမှာ
ဘုန်းမွေဆီ
သဒ္ဒါနှင်းပါလို့
သာသနာ ရောင်ဖြာလင်းလှတယ်
ရွှန်းမြမြ
မြန်မာ့ဌာနီ……။
ဘေဂ၀တီ…..တဲ့
သောမနဿ……ယှဉ်ကာမီ
ကျောက်သံပတ္တမြား
စုံညီသမို့
နဂါးပြည်
ယာယီစံနန်းမှာ
ကြွလှမ်းရှာ
ခေါင်းလောင်းတော်ကို
သောင်းသောင်းကျော်
ပူဇော်ကြတယ်
ပြည်တော်ပြန်
ဝမ်းသာရပေမင့်
ကွယ်….. လွမ်းတသသ
နှုတ်ဆက်ရှာ…..။
စန္တေဘဂ၀ါ
စေတီဦးမှာလ
ထူးမြတ်စွာ
မင်းနှင့်ပြည်သူ
ကြည်ဖြူစွာ
ဒါနပေါင်းပါလို့
သွန်းလောင်းကာ
ငွေစင်ကြေးရယ်က
ရာဇ၀င်တင်သည့်
ကြွေးကိုတဲ့
ခေါင်းလောင်းသံသာသည့်
တေးရယ်နှင့်
ဝတ
ိံရွာ တက်ကာနှိုးလိုက်မယ်
ကွယ်….. ထိုးလိုက်ပါ့လေး…..။
မောင်ဝိဇ္ဇာလေး
No comments:
Post a Comment