Thursday, September 11, 2014

ရွာအလှူပွဲ

စည်တိုကို စလွယ်သိုင်းလို့
ပတ်ဝိုင်းလို့ ကခုန်
တေးစုံကို ဟစ်ကြွေး ………

နှဲဆရာ
ချွဲသံမှာ သာပါပေလိမ့်
လကွင်းထိပ် တချွမ်ချွမ်
ဝါးလက်သံ ကျော့မဆုံး ………

ဦးရွှေရိုး ဒေါ်မိုးရယ်က
ရှေ့သွားလို့ နှစ်ပါးကြည်
စည်းချက်ညီ တူယှဉ်တွဲ …….

နွှဲကြတော့ ပျော်စရာ
ဓလေ့သာ ရွာအလှူပွဲမှာ
အတွေ့ဟာ လွန်ကြည်နူးပါလို့
မြူးကြစို့လေး ……..

ဘိုရဲ (၁၁၊၉၊၁၄ )

No comments:

Post a Comment