Friday, September 12, 2014

စိတ်ထားတတ် မြတ်

မလိုစကား၊ သင့်ရဲ့နားမှာ
ကြားရပါလျှင်၊ ပြစ်မမြင်နှင့်
ချစ်ဖွယ်စကား၊ တုံ့ပြန်ကြား
ဆိုထားတတ်စေ၊ အို……မိတ်ဆွေ
ရင်မှာလည်းအေး၊ စိတ်မှာဖွေး။
ဝန်တိုစကား၊ သင်ရဲ့နားမှာ
ကြားရပါလျှင်၊ ပြစ်မမြင်နှင့်
မေတ္တာသက်ဝင်၊ စိတ်ကောင်းယှဉ်
နာလိုခံခက်၊ ပြန်မပက်နဲ့
ခန္တီမေတ္တာ၊ သွယ်ဆက်ကာ
နှလုံးမှာလှ၊ ရှုမ၀။
အမနာပြော၊ သေတဇောမှာ
နာရပါလျှင်၊ ပြစ်မမြင်နှင့်
သင့်တင့်နှလုံး၊ ယူကာသုံး
ပြုံးလျက်ရင်မှာ၊ မမုန်းသာ
အရှုံးမပါ၊ များသူငါ။
လူ့ဘုံနှယ်ရိုး
လူမျိုးထွေထွေ၊ စိတ်ထွေထွေမို့
ဆိုလေစကား၊ အမနာများ
ကြားရမည်မှာ၊ ဓမ္မတာပါ
သို့ပါသော်ငြား၊ သင့်စိတ်ကား
ထားတတ်ပါစေ၊ မြတ်သတဲ့လေ။

မိုးသောက်ကြယ် (မြို့သစ်)

No comments:

Post a Comment