ကဗျာချစ်သူလူငယ်များအတွက် ကဗျာများ
Wednesday, September 24, 2014
အနှစ်တစ်ရာ
ငယ်ငယ်ကမွှေးတဲ့
သူ့ပါးပြင်
သနပ်ခါးနံ့
သင်းသင်းပင်
အရွယ်ရောက်လို့
တစ်ခါမွှေး
မိတ်ကပ်နံ့က
သင်းသင်းလေး
အိမ်ထောင်သည်ခရီး
တို့နှစ်ယောက်စ
သူ့ပါးပြင်လည်း
ချွေးနံ့ရ
လေးဆယ်ကျော်မှာ
မွှေးပြန်တော့
ဇရာနံ့က သင်းသင်းပေါ့။
မင်းအုပ်စိုး
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment