Wednesday, September 24, 2014

တိမ်ပြိုမိုး



တိမ်တွေကို
ထန်းပင်နဲ့ထောက်
မိုးကောင်းကင်ကြီး
မပြိုပါစေနဲ့လို့
ဆုတောင်းလိုက်ရတာ အမေရယ်။
ဒါပေမယ့်
တိမ်တွေပြိုတဲ့နေ့
အမေငိုတာ ဘာကြောင့်လဲလို့
သားမေးတော့
တိမ်တွေနဲ့အတူ
အဖေပါပြိုသွားတယ်. . . . ဆို။


မင်းအုပ်စိုး

No comments:

Post a Comment