အသက်ရှူသံတွေ
ခပ်ပြင်းပြင်း
ခပ်တင်းတင်း
ခပ်ကျပ်ကျပ်
မသေသပ်မလှပ
ကကြိုးတွေ
အားလုံးကိုယ်စီ
ယိမ်းထိုးနေတယ်။
အလင်းရောင်ခြည်
အိပ်တန်းဝင်ချိန်
ကျိန်စာသင့်နေ့တိုင်း
ခပ်ရိုင်းရိုင်း
လော်လည်စိတ်တွေ
အဆိပ်ကိုယ်စီ
ပျံ့နေတယ်။ ။
အောင်လံမောင်နန္ဒ
No comments:
Post a Comment