Sunday, September 7, 2014

လူနှင့်လောက


လူတွေပြုံးသော်
လူတွေရှုံးသော်
လူတွေချစ်သော်
လူတွေခွဲသော်
လူတွေမမျှတ။
လူတွေမှန်မှား
အရေးမထားတာလား….လား
မပျော်မွေ့လောက
လောကပါလ
ပျက်ရသော်ငြား
ဓမ္မဘယ်သွားနေပါလိမ့်။
လောကပျော်လိမ့်မယ်
လောကမုန်းလိမ့်မယ်
လောကရှုံးနိမ့်မယ်
လောကမော်လိမ့်မယ်
လောကအလှကွယ်တတ်တယ်။
မသိငြားတာလား
တရားမေ့သော်
သြော်…..ဒုက္ခ၊ အနိစ္စ၊ အနတ္တ
အစောင့်ရှောက်ကြဘဲ
အမှန်တရား။

ဝင်းမြင့်အောင် (မြိတ်)

No comments:

Post a Comment