ဖခင်ဗိုလ်ချုပ်အတွက်…
နှိုင်းစီစရာ
စကားလုံးရှာမတွေ့ပေမယ့်
တိုင်းပြည်ရဲ့
အမြုတေလိုပါပဲ…
အမြဲ အလုပ်နဲ့
ဝတ္တရားမပျက်ကွက်
ပဲပြုတ်နဲ့
နံပြား စားပြီးလည်း
တင်းတိမ်နိုင်ခဲ့…
ဤလူရဲ့ မကြွားတတ်တဲ့
ဟန်ပန်တွေက
ပြည်သူနဲ့တစ်သားတည်း
ကျခဲ့တာပေါ့…
သွေမပြောင်း
လာဘ်မစား
ရွှေချောင်းနဲ့
မျှားခဲ့တာတောင်
လှည့်ထွက်ခဲ့တာမျိုး…
ငွေအ၀င်အထွက်ကို
စိတ်မ၀င်စား
သမီးကလေး
ရွှေဆင်ဖို့တောင်မရှိလို့
မိခင်ထံခွင့်တောင်း
ဒီလို အကျင့်ကောင်းနဲ့
ဗိုလ်ချုပ်ပါ…
ချွေးစက်တွေကိုသူမမှု
သွေးထွက်နေလည်း
သူမသိ
တိုင်းပြည်၏အရေး
သူ့အတွေးထဲမှာ
အပြည့်ထည့်ထားသူပါ
ဗိုလ်ချုပ်အသက်ဖျားနဲ့
အနာခံခဲ့သမျှ
ခုလာဘ္စားၿပီၤး
အသာစံနေတဲ့သူတွေ
နံ့သာဆီနဲ့
ဟိုဒင်းလို
အတင်းသာထိုင်တုတ်ချင်နေတော့တယ်
တစ်ခေတ်မှာတစ်ယောက်
မျက်မှောက်မှာ
ရှာမတွေ့
နောင်နေ့တွေတိုင်းမှာ
မရှိ
သူ၏ကြီးမြတ်မှုကို
အစဉ်ရှေးရှုလို့
ထာဝရအလေးပြုကြပါစို့…။
နှင်းဆီ
No comments:
Post a Comment