ကွန်လက်လေးသစ်နဲ့
ငါးစင်းအုပ်
ပစ်ဖမ်းလို့မရ
ဒီလိုပါပဲ
ရင်အုံမှာ
ရုန်းကြွနေတဲ့
ဆန္ဒအားလုံး
ပြည့်ချင်တဲ့ဆန္ဒ
ဘယ်နတ်ကမှ
မ မနိုင်ဘူး…
အပေါက်က မြောက်မြားစွာ
အဖားခက်နေတဲ့
ကိစ္စတွေ
ဆွံ့အသူ ငိုချင်းချသလို
လွမ်းရခက်ကြီး
စုန်မျှေမဆုံး
တ၀ုန်းဝုန်းပြေးဆောင့်
ရင်အောင့်ခံစား
ဖြေရှင်းမရတဲ့
ပြဿနာများ
ခါးသီးပေမယ့်
မတတ်နိုင်
စိတ်ဓာတ်မယိုင်အောင်ထိန်း
ကိုယ့်မီး
ကိုယ်ငြှိမ်းရင်း
ဘယ်လိုဇာတ်သိမ်းမလဲ…
ဇွဲရှိရှိ
စောင့်ရဦးမယ်။ ။
တိုးဝေ
No comments:
Post a Comment