Saturday, September 20, 2014

တောင်တက်သမား

တောင်စဉ်အစီ ညို့မှိုင်းရီလည်း
တို့ချီစမ်းမည်မကြောက်ပြီ…။
တောကြီးနက်နဲ မသဲကွဲလည်း
တက်ဆဲတက်မြဲ မလန့်ဘဲ…။
ရေခဲဖုံးလွှမ်း တောင်စဉ်တန်းလည်း
တို့လှမ်လို့ကျော် တောင်ထွတ်ပေါ်သို့…
သစ်ရိပ်ကင်းမဲ့ ရေကြည်မဲ့လည်း
ယိုင်နဲ့မသွား တို့စိတ်ထား…။
မျက်စိကိုဖွင့် နားကိုစွင့်ထား
မလင့်ခါခါ ဉာဏ်ယှဉ်သာလို့…
အခက်ခဲကို ဖြတ်လို့ကျော်မည်
အန္တရာယ်ဆို ရင်ဆိုင်တိုးမည်
တောင်တွေကျော်ဖို့ ခေါင်းကိုမော့သည်
ရှေ့ချီတက်ဖို့ ရင်ကိုကော့သည်
မငံ့မလင့် ရပ်ဆိုင်းဝံ့သည်
မကြောက်မလန့် တို့မတန့်ပြီ
တို့… တောင်တက်သမားဟူသည်
တောင်နှင့်အတူ ခိုင်မာသည်…။

မိုးသစ်ထွန်း (ပုလဲမြေ)

No comments:

Post a Comment